
မြန်မာနိုင်ငံရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီများ၏ လုပ်ငန်းများကို ပံ့ပိုးကူညီရန် ဒီဇိုင်းထုတ်ထားသည့် Power BI ဆော့ဖ်ဝဲလ်အသုံးပြုခြင်းဆိုင်ရာ မိတ်ဆက်သင်တန်းဖြစ်သည့် MIMU Power BI Training (အထူးသဖြင့် Desktop Version 2.105.664.0 မေလ 2021) မှ ကြိုဆိုပါသည်။
Power BI သည် အသုံးပြုသူများအား အချက်အလက်နှင့် ထိုးထွင်းသိမြင်မှုများကို မျှဝေနိုင်စေမည့် ပုံစံများဖြင့် ဒေတာများကို နှိုင်းယှဉ်၊ ခွဲခြမ်းစိတ်ဖြာပြီး ပုံဖော်နိုင်စေမည့် အစွမ်းထက်သော ဒေတာဆော့ဖ်ဝဲတစ်ခုဖြစ်သည်။ ဤသင်တန်းတွင် ဆော့ဖ်ဝဲလ်လုပ်ဆောင်နိုင်သည်များ၊ ဒက်ရှ်ဘုတ်များတွင် အသုံးပြုရန် ဒေတာပြင်ဆင်နည်း၊ အသုံးပြုရမည့်ဇယားများ၊ ဝဘ်ဆိုက်တစ်ခုသို့ ဒက်ရှ်ဘုတ်များကို လွှင့်တင်နည်းနှင့် ဒေတာစီမံခန့်ခွဲမှုလုပ်ဆောင်ပုံတို့အပါအဝင် Power BI ၏ အခြေခံအကြောင်းအရာများပါဝင်ပါသည်။
ဤသင်တန်းရှိ သင်ထောက်ကူပစ္စည်းများအားလုံးကို MIMU မှ ဖန်တီးထားပြီး မြန်မာဘာသာဖြင့် သင်ကြားပေးပါသည်။
သင်တန်းတွင်အသုံးပြုရန် များကို အောက်ပါ လင့်မှ ရယူပါ
MIMU Power BI Training Resources | MIMU (themimu.info)
- Teacher: Phyo Kyi

Microsoft Excel ကို ကိန်းဂဏန်းအချက်အလက်များ စီမံခန့်ခွဲရာတွင် အခြေခံ အဆင့်၊ အလယ်အလတ် အဆင့် နှင့် အဆင့်မြင့် အဆင့် အသုံးပြုပုံများကို ရှင်းလင်းတင်ပြထားပါသည်။
သင်တန်းတက်ရောက်အောင်မြင်မှုလက်မှတ် Certificate ရရှိရန် နားလည်မှုအရည်အချင်းစစ်ဆေးသော မေးခွန်းတစ်စုံခြင်းသည် အနည်းဆုံး 80% အမှတ်ရရှိရန်လိုပါသည်။
- Teacher: SPY Lecturer